RSS Parrot

BETA

🦜 Myanmar Now

@myanmar-now.org.mm@rss-parrot.net

I'm an automated parrot! I relay a website's RSS feed to the Fediverse. Every time a new post appears in the feed, I toot about it. Follow me to get all new posts in your Mastodon timeline! Brought to you by the RSS Parrot.

---

Latest news & insightful features on Myanmar

Your feed and you don't want it here? Just e-mail the birb.

Site URL: myanmar-now.org/mm/

Feed URL: myanmar-now.org/mm/rss

Posts: 26

Followers: 47

စစ်တပ်အပြင်ရဲကပါတပ်သားသစ်များရှာဖွေနေ၊ လစဉ်မြို့နယ်တိုင်းမှ လူသစ် ၂ယောက် မဖြစ်မနေရှာဖွေရမည်ဟုညွှန်ကြား

Published: July 15, 2025 09:18

စစ်ကောင်စီ၏ရဲတပ်သားသစ်အဖြစ် စုဆောင်းခံရသူသည် လစဉ်၊ လစာနှင့်ရိက္ခာအတွက်ထောက်ပံ့ငွေ ကျပ်၂သိန်းခန့် ရရှိမည်ဖြစ်သည်။

ကောလင်းမြို့နယ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးအပါအဝင် ၄ ဦးဒဏ်ရာရ

Published: July 15, 2025 06:56

လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်စဉ် စစ်ရှောင်များ ထမင်းဆိုင်အနီး ကျရောက်ပေါက်ကွဲကာ ကလေးအပါအဝင် ၄ ဦးထိခိုက်ဒဏ်ရာရသလို ထမင်းစား ရပ်နားထားသော ဆီဘောက်ဆာကား ၂ စီးပါ ထိခိုက်ပျက်စီးခဲ့သည်။

ရှမ်းမြောက် နောင်ချိုမြို့မှ တပ်များမဆုတ်ဟု  TNLA ပြော

Published: July 15, 2025 06:21

စစ်တပ်က မြို့ပေါ် နှစ်ရပ်ကွက်ကို ထိန်းချုပ်ထားပြီး ကျန် လေးရပ်ကွက်ကို ထိုးစစ်ဆင်နေသော်လည်း TNLA တပ်များ မြို့ပေါ်မှ မဆုတ်ခွာဟု ဆိုသည်။

သီပေါနှင့် မော်ချီးဒေသအား စစ်တပ် ဗုံးကြဲ၍ အရပ်သား ရှစ်ဦးသေဆုံး

Published: July 15, 2025 04:49

စစ်ကောင်စီလေတပ်က ပစ်မှတ်ထားနေသော မော်ချီးဒေသနှင့် သီပေါမြို့ကို ယမန်နေ့တိုက်ခိုက်မှုအတွင်း အရပ်သား အနည်းဆုံး ၈ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့သည်။

စစ်ရေးပြင်းထန်နေသော သပိတ်ကျင်းတွင် ဗုံးကြဲခံရပြီး ကလေး ငါးဦးအပါအဝင် ခြောက်ဦး သေဆုံး

Published: July 15, 2025 04:45

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ ပိုးဇာနွယ်ကျေးရွာကို  စစ်ကောင်စီလေတပ်က ယမန်နေ့ (ဇူလိုင် ၁၄ ) ညနေတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး ငါးဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံ များထံက သိရသည်။ ယမန်နေ့ ညနေ ၅ နာရီကျော်ခန့်အချိန်တွင် မန္တလေး-…

မန္တလေးနှင့်ပြင်ဦးလွင်တွင် အိမ်ငှားခများ နှစ်ဆကျော်မြင့်တက်

Published: July 15, 2025 04:24

စစ်ဒဏ်၊ ငလျင်ဒဏ်သင့်သူများ ပြောင်းရွှေ့နေထိုင်ရာ မြို့များတွင် နေအိမ်ငှားလိုသူ များပြားနေခြင်း ကြောင့် ဈေးကစားသူများ၊ ပေါက်ဈေးထက် နှစ်ဆ စစ်ရှောင်များအပါအဝင် ဒေသခံတို့နေထိုင်ရေး အခက်ကြုံနေရသည်။

စစ်ကောင်စီ၏ သက်ရှိစည်းရိုး (ဥကရစ်ထ စစ်စခန်း)ကို  KNU နှင့် ပူးပေါင်းတပ်တွေ ဘယ်လိုချိုးဖျက်ခဲ့သလဲ

Published: July 14, 2025 13:00

ကာကင်းနှစ်ခု ဆက်သွယ်ရေးမြောင်းများ၊ ကတုတ်ကျင်းများနှင့် မော်တာလက်နက်ကြီး ပစ်ကျင်းများရှိသည့် လုံခြုံရေးနှင့် ခုခံမှုအားကောင်းအောင်ပြင်ဆင်ထားသည့် စစ်ကောင်စီ၏ ဥကရစ်ထ စစ်စခန်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်လိုက်နိုင်ခြင်းကြောင့် ် မြဝတီတောင်ဘက်တစ်ကြောတွင်…

ရွှေအခွန်လျော့ချပေးဖို့ NUG ထံ စဉ့်ကူးမှရွှေတူးဖော်သူအချို့တောင်းဆို

Published: July 14, 2025 12:00

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထိန်းချုပ်ထားသည့် မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ထဲမှ ဝါးပိုးလေး ရွှေလုပ်ကွက်ကို ကုမ္ပဏီများထံ လေလံမပစ်ရန်နှင့် ယင်းလုပ်ကွက်အတွင်း ရွှေတူးဖော်ခွင့်အတွက် အခွန်ကို ၁၀ ရာခိုင်နှုန်းထက်ပိုမကောက်ခံရန်…

နောင်ချိုစစ်တပ်လက်ထဲသို့ ပြန်ရောက်လုဆဲဆဲအခြေအနေရောက်နေ

Published: July 14, 2025 10:09

TNLA ကတနှစ်ကြာထိန်းချုပ်ထားသည့် နောင်ချိုမြို့ပေါ်ရပ်ကွက်များထဲသို့ ယမန်နေ့ညပိုင်းမှစတင်ပြီး၊ စစ်ကောင်စီတပ်များ မြို့ထဲသို့ပထမဆုံးအကြိမ် ဝင်ရောက်လာသည်။

ငြိမ်းချမ်းရေး ဖိုရမ် သို့မဟုတ် စစ်တပ်၏တရားမဝင်အာဏာ ခဝါချပွဲ

Published: July 12, 2025 02:03

ပြည်သူတို့အသတ်ခံနေရချိန် ရွေးကောက်ပွဲအတွက်၊ နိုင်ငံရေးဂုဏ်သိက္ခာအတွက် ရည်ရွယ်သော ငြိမ်းချမ်းရေးဖိုရမ် တက်ရောက်သူများထဲတွင် စစ်ကျွန်ဇာတ်သွင်းမှုကို တက်ကြွစွာ ကူညီနေသူများ ပါဝင်သည်။

ဧရာဝတီမြစ်အနီး စစ်တပ်ဗျူဟာကုန်း ၃ ခုနှင့် ပျူစောထီးရွာကို ရွှေဘိုခရိုင် PDF များ တိုက်ခိုက်သိမ်းပိုက်

Published: July 11, 2025 12:35

ကျောက်မြောင်းနှင့်ရွှေဘိုအကြား စစ်ရေးအရ အရေးပါပြီး မြစ်ကမ်းတစ်လျှောက်နယ်မြေစိုးမိုးထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးစခန်းများကို ရွှေဘိုခရိုင်တပ်ရင်းများ ၄ ရက်အတွင်း တိုက်ခိုက်သိမ်းပိုက် ခဲ့သည်။

နောင်ချိုမြို့နှင့် သုံးမိုင် အကွာအထိ စစ်တပ်ရောက်လာ၊ တိုက်ပွဲဆက်ပြင်းထန်နေ

Published: July 11, 2025 10:22

တောင်ခမ်းမှ နောင်ချိုသို့ ဦးတည်လာသည့် စစ်ကောင်စီ တပ်မ ၁၁၊ တပ်မ ၅၅ စစ် ကြောင်းများသည် ဇူလိုင် ၉ ရက်နေ့တွင် နောင်ချိုမြို့နှင့် သုံးမိုင်အကွာ နမ့်ဆောင်ဟူး ကျေးရွာအား ထိန်းချုပ်လိုက်သည်ဟု ဒေသခံများက ပြောသည်။

စစ်ကိုင်းတွင် စစ်ရှောင်များခိုလှုံရာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရ၊ ကလေးများအပါအဝင် နှစ်ဒါဇင်နီးပါး သေဆုံး

Published: July 11, 2025 08:06

တိုက်ပွဲများကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များရှိရာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် ကလေးများပါအဝင် ၂၂ ဦး သေဆုံးသွားပြီး ၅၀ နီးပါး ဒဏ်ရာရသွား သည်။

မွန်တော်လှန်ရေး ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးထုတ်ပယ်ခံရ၊ တပ်ပိုင်းအပြောင်းအလဲမရှိဟု ဆို

Published: July 11, 2025 06:13

မွန်-ကရင်နယ်စပ်တွင် အခြေပြုစစ်ရေးလှုပ်ရှားနေသော မွန်တော်လှန်ရေးတစ်တပ်၏ ထိပ်ပိုင်းခေါင်း ဆောင်တစ်ဦးကို တပ်၏ ဦးဆောင်ကော်မတီဝင်များက ထုတ်ပယ်ခဲ့မှု ယမန်နေ့က ပေါ်ပေါ်ခဲ့သည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကို မူးယစ်ဆေးများနှင့်အတူဖမ်းမိဟု CDF – ဟားခါး သတင်းထုတ်ပြန်

Published: July 10, 2025 16:22

အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ တပ်ဖွဲ့ဝင်များ သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများကို ချင်းပြည်နယ်၊ ဖလမ်းမြို့အနီး ဗားရ်းတံတားသို့ဖြတ်သန်းစဉ် ဇူလိုင် ၈ နေ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း ဒေသတွင်း လက်နက်ကိုင်တပ် တစ်ခုဖြစ်သည့် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF –…

အင်းစိန်ထောင်မှ အတူပြန်လွတ်လာသည့် ထင်ရှားသူနှစ်ဦး တစ်ရက်တည်း သေဆုံး

Published: July 10, 2025 11:43

ရွှေညဝါဆရာတော်နှင့် စာရေးဆရာ မောင်သာချိုတို့သည် နိုင်ငံ့အရေး ဆောင်ရွက်ခဲ့ကြသူများ ဖြစ်ပြီး စစ်တပ်က အာဏာသိမ်းစဉ် ပထမဆုံး ဖမ်းဆီးခံရသူများ ဖြစ်လာသည်။

ဝါဆိုလပြည့်နေ့က စစ်ကောင်လေတပ်ကြဲချခဲ့သည့် လူသတ်ဗုံးများ

Published: July 10, 2025 10:34

လပြည့်နေ့တွင် နိုင်ငံအနှံ့မှ ဘုရားစေတီများ စည်ကားခဲ့ကြောင်း သတင်းထုတ်ပြန်သည့် စစ်ကောင်စီက ဒေသအများအပြားတွင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးများ အပါအဝင် ပြည်သူများ သေဆုံးမှုကို ဖုံးကွယ်ထားသည်။

အရပ်သားသေဆုံးမှု ကာကွယ်ရန် စစ်မဲ့ဇုန်သတ်မှတ်ပေးရေး IEC တောင်းဆို

Published: July 10, 2025 08:08

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဒဏ်ကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုကို ကာကွယ်နိုင်ရေးအတွက် စစ်မဲ့ဇုန်သတ်မှတ်ပေးရန် ကရင်နီကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ (IEC) က ယမန်နေ့ (ဇူလိုင် ၉) တွင် တောင်းဆိုလိုက်သည်။ စစ်ရေး၊ နိုင်ငံရေးကြားတွင်…

စစ်တပ်လက်နက်ကြီးကြောင့် ရေဖြူမြို့တွင် ကလေး ၃ ဦးနှင့် ဖခင်ဖြစ်သေဆုံး

Published: July 9, 2025 13:21

ရာဘာခြံထဲမှ နေအိမ်ထဲသို့ လက်နက်ကြီးပေါက်ကွဲမှုကြောင့် အသက် ၂ နှစ်အရွယ်ကလေးငယ်သည် ခန္ဓာကိုယ် နှစ်ပိုင်းပြတ်ထွက်ကာ သေဆုံးသွားသည်။

ဦးကျော်ဝင်း၏ ရွှေသံလွင်နှင့် ပူးပေါင်းလုပ်ကိုင်သော ရုပ်သံလုပ်ငန်းမှ ဂျပန်ကုမ္ပဏီများစွန့်ခွာ

Published: July 9, 2025 10:45

ခေတ်အဆက်ဆက် စစ်အုပ်စုနှင့် ရင်းနှီးကျွမ်းဝင်သော ခရိုနီ ဦးကျော်ဝင်းသည် ရွှေသံလွင်အုပ်စုကို တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သည်။

မရေရာသည့် မင်းပြောင်းမင်းလွှဲနှင့် လားရှိုးမြို့ခံများ၏သောက

Published: July 9, 2025 10:03

စစ်တပ်နှင့်ကိုးကန့်တပ်များသည် ယခင်လအတွင်း ၃ ကြိမ် တွေ့ခဲ့ပြီးနောက် လားရှိုးမြို့ကို ဝေခြမ်းရေးအတွက် အငြင်းပွားနေသည်ဆိုသည့် သတင်းများကြောင့် တစ်ကျော့ပြန်တိုက်ပွဲဖြစ်မည်ကို မြို့ခံများက စိုးရိမ်နေကြသည်။

ကျားဖြန့်ခေါင်းဆောင်ဖြစ်ဖွယ်ရှိသူ ၁၄ ဦးကို တရုတ်အစိုးရထံလွှဲမည်ဟု ကရင်BGFဆို

Published: July 9, 2025 03:59

ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သည့် ကရင်နယ်ခြားစောင့်တပ် BGF က တရုတ်နိုင်ငံသား ၁၄ ဦးကို ကျားဖြန့် (ခေါ်) အွန်လိုင်းငွေလိမ်ဂိုဏ်းခေါင်းဆောင်သံသယဖြင့်ဖမ်းဆီးထားပြီး ၎င်းတို့ကို တရုတ်အစိုးရထံ လွှဲပြောင်းမည်ဟုဆိုသည်။

မိုးဗြဲမြို့အနောက်ဘက်မှ စစ်ရှောင်စခန်းများကို ပစ်မှတ်ထားပြီး စစ်တပ်ဗုံးကြဲ

Published: July 8, 2025 10:33

ည ၁၁ နာရီ ၃၀မိနစ်ခန့်တွင်ကြဲချခဲ့သည့် စစ်တပ်ဗုံးကြောင့် သေဆုံးသူများထဲတွင် အသက် ၄နှစ်အရွယ်ကလေးငယ်နှင့် မိသားစုဝင်သုံးဦး သေဆုံးခဲ့သည်။

ထိုင်းနယ်စပ်ရှိ KNU ထိန်းချုပ် ထီးခီးဒေသတွင်း ကုန်စည်ရောင်းဝယ်မှုကို ထိုင်းခွင့်ပြု

Published: July 8, 2025 08:47

မြန်မာ-ထိုင်းနယ်စပ်၊ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် မေတ္တာမြို့နယ်ခွဲအတွင်းမှ ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်းကို ထားဝယ်အထူးရေနက်ဆိပ်ကမ်းနှင့် ချိတ်ဆက်ရန်အဓိကရည်ရွယ်ပြီး အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွေက ရာထူးမှမဆင်းခင်ရက်ပိုင်းအလို ၂၀၁၁…

ကလေးမြို့အနီးဆုံးရှိ ပျူစောထီးစခန်းတစ်ခုကို စီးနင်းတိုက်ခိုက်၊ လက်နက်နှင့်သုံ့ပန်းတစ်ဦးရ

Published: July 8, 2025 08:06

မြို့နှင့်ကပ်လျက် ကျေးရွာစာသင်ကျောင်းတွင် စစ်တပ်နှင့်ပျူများ အထိုင်ချထားသည့် စခန်းတစ်ခုကို နံနက်အစောချိန်တွင် ရုတ်တရက်ဝင်ရောက်တိုက်ခိုက်စဉ် လက်နက်များနှင့်ပြည်သူ့စစ်တစ်ဦး ဖမ်းမိခဲ့ သည်။

လေကြောင်းတိုက်ခံရသည့် ကျောက်မဲနှင့်မိုးကုတ်မြို့တွင် လေးဦးသေဆုံး၊ ခုနှစ်ဦးဒဏ်ရာရ

Published: July 8, 2025 07:04

TNLA ထိန်းချုပ်နှစ်မြို့ကို စစ်တပ်က ယနေ့နံနက်တွင် လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့သည့်အတွက် အရပ်သား ထိခိုက်သေဆုံး ဒဏ်ရာရမှုများ ဖြစ်ပေါ်ခဲ့သည်။